အမေရိကန် ပြည်ထောင်စု ဗဟိုသုတေသန ရောဂါထိန်းချုပ်ရေး ဌာနချုပ်ကြီးမှ ၂၀၂၀ ခုနှစ် ၁လပိုင်း ၂၁ ရက်နေ့မှာ အမေရိကန်နိုင်ငံမှ ပထမဆုံးဝူဟန် ဗိုင်းရပ်စ်ပိုးရောဂါ ရရှိသူ အမျိုးသား တစ်ဦး အကြောင်း သတင်းထုတ်ပြန်ပါတယ်။
2019 novel corona virus (2019-nCoV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကို ဝါရှင်တန်ပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်ထံမှာ တွေ့ရှိရကြောင်း ပြောပါတယ်။ ဒီ အမျိုးသားသည် ရောဂါအများဆုံး ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှ ၁၅ ရက် ၁လပိုင်းမှာ အမေရိကန်ပြည်ထောင်စုကို ပြန်လာပြီး ဝါရှင်တန်ပြည်နယ်ကဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပါတယ်။
ဒီဗိုင်းရပ်စ်ပိုး ဟာ တိရစ္ဆာန်မှလူသို့ ကူးစက်စေတတ်သည်ဟု အစက နားလည်ထားကြသော်လည်း အခုအချိန်မှာ လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ကြောင်းလဲ သိရှိလာရပါတယ်။
ဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာများကတော့ အပူချိန်တက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းတို့ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ဒီပိုးကြောင့် လူ၃၀၀ ဖျားနာပြီး၊ လူ၆ ယောက်သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။
ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် ၁ လပိုင်း၁၇ ရက်နေ့မှစ၍၊ ဗဟိုသုတေသနဌာနမှ လေဆိတ် ၅ ခုမှာ အမေရိကန်ပြည်ဆောင်စုသို့ ဝင်လာသူများအား ကျန်းမာရေး စစ်ဆေးရန် စတင် ဆောင်ရွက်နေပါတယ်။ JFK. LAX. SFO. ATL. ORD.
သတင်းထူးလျှင် BAMA မှဆက်လက်၍ တင်ပြပါမည်။
အာရောဂျံ ပရမံလာဘံ
မေတ္တာဖြင့်
Dr. ခိုင်ခိုင်ဝင်း, BAMA